Tuesday, December 9, 2008

အလိုအပ်ဆုံး




အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
"ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။

ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"
သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"
လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.....
"အိမ်ထောင်မှု၊ ဘုရားတည်
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင်
နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့ ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။
အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့ လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ...

PS: တကယ်တော့ ဒီ စာလေးကိုဖတ်ပြီး တွေးစရာလေး ပေါ်လာလို. ဒီ Post လေးကို တင်လိုက်တာပါ။
ကျွန်တော်တို. ဘ၀တွေမှာ ရွေးချယ်စရာတွေ၊ ရွေးချယ်ခွင့်တွေ ဘယ်လောက် ရရှိခဲ.ကြဖူးလဲ။

ကျွန်တော်တို. ရွေးချယ်လိုက်တဲ.အရာတွေကရော ကျွန်တော်တို.ရှင်သန်သမျှကာလပတ်လုံး ကျွန်တော်တို.နဲ.အတူ ထားဝစဉ်တည်ရှိနေနိုင်ပါ့မလား။

*အပေါ်ကစာပိုဒ်မှာပါတဲ. ကျောင်းသူရဲ.ရွေးချယ်မှုဟာ မှန်သလား ၊ မှားသလားဆိုတာထက်။ တကယ်လို.များ သူ.ရွေးချယ်မှုဟာ အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးခဲ.ရရင်။

ကျွန်တော်တို. ဘ၀တွေမှာ ရွေးချယ်နိုင်ခွင့် အရမ်းနည်းတယ်လို.ထင်တယ်။ ရွေးချယ်တတ်တဲ. အရည်ချင်းထက် ဖြစ်လာတဲ.အခြေနေအပေါ်မှာ သုံးသပ်ခံစားပြီး ဖြေရှင်းနိုင်တဲ. အရည်ချင်းက ပိုအရေးကြီးမယ်ထင်ပါတယ်။



Friday, December 5, 2008

ခေါင်းစဉ် တပ်ပေးပါ

မနက်ဖြန်ဆိုတာ
အမှောင်တိပြီးတဲ. နေ.ညတွေဖြစ်စေဦး
အိပ်မက်တွေ ဆက်မက်နေဦးမှာပဲ
ခပ်ရိုင်းရိုင်း ပွင့်ခဲ.တဲ.ပန်းမလို.
မွှေးရနံ.မသင်းပေမယ်. အဆင်းကစင်ကြယ်ပါတယ်လေ။

တစ်ယောက်လက်ကို တစ်ယောက်က
တစ်ယောက်အိပ်မက်ကို တစ်ယောက်က
မဆုပ်ကိုင်နိုင်ခင်
ကြယ်မလင်းတဲ. ညတွေ
ရှိနေဦးမှာပဲ။

တစ်စုံတစ်ယောက်က
ဘ၀ဆိုတာ ဘာလဲလို.မေးလာခဲ.ရင်
အနာဂတ်ဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
ကြည်နူးခြင်းဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
ရူးသွပ်ခြင်းဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
အချစ်ဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
ငါကတော့ “ဠင်းတမလေး” လို.
တစ်ခွန်းပဲဖြေမယ်။

Monday, December 1, 2008

လေညင်း

ပြင်းပြစွာ လွင့်ထွက်လာတဲ.
အဖြူရောင် လေညှင်း
ဘယ်အရပ်ကို ဦးတည်သွားလဲကွယ်။

မိုးလင်းတည်းက
ပျိုးတစ်ခင်းနဲ.အတူ စောင့်ကြိုခဲ.တာပါ
တစ်ဘ၀စာ စိမ်းလန်းခွင့်အတွက်
လေညှင်းရဲ. သင်းမြမြအလင်းလိုတယ်လေ။

ဆွဲကိုင်ဖမ်းဆုပ်လို. မရမှန်းသိပေမယ်.
လှမ်းမျှော်အော်ခေါ်လည်း မကြားနိုင်မှန်းသိပေမယ်.
လေညှင်းရေ.....
ရောက်မလာမှန်း သိခဲ.ပေမယ်.
သိနေပေမယ့်
သိနေပေမယ့်.......
တစ်သက်လုံးစာ ရှုရှိုက်ဖို.
မျှော်လင့်နေတုန်းပဲ။

Monday, October 20, 2008

အိပ်မက်ည

အိပ်မက်သည်
ည ထံမှ တရွေ.ရွေ.ထွက်ခွာ
မြူနှင်းကြား ၀င်ရောက်သွားသည်။

ည သည် မထူးဆန်းစွာပင်
အိပ်မက်ကို စူးစိုက်ကြည်.နေလိုက်သည်
နောက်တော့ အထီးကျန်စွာပင် ရယ်မောလိုက်သည်။

ထိုသို.
အိပ်မက်သည် အကြိမ်ကြိမ် ည ထံလာရောက်ပြီး
အကြိမ်ကြိမ် ည ထံမှ ထွက်သွားလေ.ရှိသည်။

အိပ်မက်နဲ. ည သည် တစိမ်းတရံဆန်စွာ ရင်းနှီးပြီး
နှစ်ယောက်ကြား ဘာသာဗေဒလည်း ကင်းမဲ.သည်။

သူတို.၏ စကားလုံးသည် လေညင်းဖြစ်သည်။
ထို.ကြောင့် တိုးလျှညင်သာ နူးညံ.သည်။

သူတို.၏ အကြည်.သည် မျက်ဝန်းမဟုတ်
ဖြူစင်ရဲမွတ်နေသော နှလုံးသွေးများ ဆက်သွယ်မှုဖြစ်သည်။
ထိုအခါ အတ္တကင်းမဲ.သော အပြာရောင် ဥယျာဉ်တစ်ခုဖြစ်သွားသည်။

ညသည် ထိုဥယျာဉ်ကိုစောင့်သော မျောက်တစ်ကောင်ဖြစ်သည်။
အိပ်မက်သည် ထိုဥယျာဉ်မှာနားသော ဠင်းတမလေး တစ်ကောင်ဖြစ်သည်။

တစ်နေ.
တစ်နေ.ပေါ့

အခါခွင့်သင့်ရင် မျောက်တစ်ကောင်သည်
ည၏အလင်းလက်ဆုံးသော ကြယ်တစ်စင်းအား ခူးပြီး
ဠင်းတမလေး၏ အိပ်မက်၌ ပန်ဆင်ပေးရန်
ပြင်းစွာသောဆန္ဒဖြင့်
စောင့်စားလျှက်ရှိသည်။

မျက်လုံးတွေ ပိတ်ပြီးကြည်.လိုက်တော့
ည က တိတ်တဆိတ် ထွက်ခွါသွား
ခေါင်းငိုက်စိုက်ချပြီး လျှောက်နေတဲ.ပုံများ
အသဲကွဲ.နေတဲ. မင်းသားတစ်ယောက်အလားမှက်ရ။
ကြယ်တွေငိုတဲ.သီချင်းမှာ
ခက်အက်အက်အသံ ကြားရလား
ဟိုအကြားဒီအကြားက လေတိုးခက်သံကိုက
မျက်ရည်တွေ တောက်တောက်ဆင်းစေရဲ.။
စံပယ်ဖြူတွေတောင် မပွင့်တော့ဘူး ..... မေ
စနစ်တကျလွဲချော်နေတဲ. ဘ၀မှာ
ဒီညက ဘယ်လိုလုပ်ပြီး မွှေးမြနိုင်ဥိးမလဲ။

ဖယောင်းတိုင်

ကိုယ်.ကိုကိုယ် မီးရှို.လို.
ကျွမ်းလောင်ရင်း တမြေ.မြေ.နဲ.
အနာဂတ်ဆီကို တရွေ.ရွေ.သွားနေရတာ
အလင်းတွေလည်း တောက်ပ စိုစွတ်လို.
အရင်းမြစ်က မဲပေမယ်. ( အနက်ရောင်)
ဘ၀တစ်လျှောက်လုံး ဆွတ်ဆွတ်ဖြူနေလာခဲ.တာ
ပတ်ဝန်းကျင်ကြောင့်
အရောင်းပြောင်းခဲ.ရတာတွေလည်း
ရှိတော့ရှိရဲ.
ဒါပေမယ်. အတွင်းကြိုးလေးကတော့
ဖြူမြဲ ဖြူဆဲပါလေ။

ပျင်းတယ်

တစ်နေ.ပြီးတစ်နေ.
ဆွေးမြေ.ဟောင်းနွမ်းတဲ. အတ္တတွေပိုက်ပြီး
ဒီလမ်းဟောင်းတွေပဲ လျှောက်နေရတာ
ပျင်းတယ်။
ဟိုအပြုံး ဒီအပြုံး
ဟန်ဆောင်နေတဲ. အချစ် အမုန်းတွေကြားမှာ
နှစ်လုံးသားတစ်ခုကို စတေးရမှာ
ပျင်းတယ်။
ပေါ့ပျက်ပျက်စကားလုံးတွေနဲ.
နာမည်ထူးထူးဆန်းဆန်းတွေ သုံးပြီး
စက္ကူတွေဖြုန်းတီးနေတဲ. ချစ်ကွဲညားဝထ္ထုတွေ ဖတ်ရမှာ
ပျင်းတယ်။
ကြားနေကြ စားသားတွေနဲ.
အက်ကြောင်းထပ် သံစဉ်တွေရေးပြီး
မနူးမနပ်ပဲပြုတ် သီးချင်းတွေ နားထောင်ရမှာ
ပျင်းတယ်။
စကားများ၊ မုန်.ကြိုက်
အားတိုင်းဖုန်းဆက်ပါပြောတဲ.
လှတပတကောင်းမလေးတွေနဲ. ရည်းစားတော်ရမှာလည်း
ပျင်းတယ်။

ပျင်းတယ်.... ပျင်းတယ်။
စားရမှာ ပျင်းတယ်။
သွားရမှာ ပျင်းတယ်။
ကိုယ်ရုပ်ကိုယ် မှန်ထဲပြန်ကြည်.ရမှာတောင်
ပျင်းတယ်။

Wednesday, October 15, 2008

နိုးထခြင်း

အဲဒီနေ.ကပေါ့
နှင်းဆီရိုင်း တစ်ပွင်.လို
သူမက ငွားငွားစွင့်လှပနေတယ်
မူးယစ်ဝေရီ ရနံ့တွေလည်း သင်းပျံ.ထုံမွှန်းလို.။

အဲဒီနေ.ကပေါ့
ကောင်ကင်က ကြယ်တစ်ပွင့်လို
သူမက လင်းလက်တောက်ပြောင်နေတယ်
ပြိုးပြိုးပြက်ပြက်နဲ. တိမ်ခိုးတွေတောင် လက်လို.။

အဲဒီနေ.ကပေါ့
အချစ်ကဗျာ တစ်ပုဒ်လို
သူမက သိမ်မွေ.နူးညံ့လှပနေတယ်
စူးရှထက်မြက် နှလုံးသွေးတွေ ပွက်လို.။

အဲဒီနေ.ကပေါ့
တိမ်ပန်းတွေ သီချင်းနဲ.အတူ ကကြိုးဆင်တယ်။

အဲဒီနေ.ကပေါ့
လေညှင်းတွေ စံပယ်တစ်ခင်းနဲ.အတူမွှေးပျံ.ကြူတယ်။

အဲဒီနေ.ကပေါ့
ဆီးနှင်းတွေ မနက်ခင်းနဲ.အတူ လင်းမြဝေတယ်။

အဲဒီနေ.ကပေါ့..။
အဲဒီနေ.ကပေါ့ကျွန်တော် ဒီကဗျာကိုရေးတယ်။

ပြဇာက်

အိပ်မက်ရေ ကားလိပ်ဆွဲတော့လေ
လင်းမြမြကြယ်တွေတောင် အိပ်တန်းတတ်တော.မယ်
ငါရဲ.အစီအစဉ်မကျတဲ. “ဒီည” ဇာတ်မှာ
ယိမ်းနွဲ.ညွတ်မူးဖို. နှင်းတွေလည်းဝေနေပြီ
မီးမထွန်းနဲ. လအလင်းနဲ.ရတယ်။
တူရိယာမတီးပါနဲ. လေးညင်းရဲ.သီချင်းနဲ.ကမယ်။
အသံတိတ်ဇာတ်ပေါ့
ဘယ်သူမှ မကြားချင်နေပါစေ
ငါ့ဇာတ်နဲ.ငါ ငိုချင်ငို ရယ်ချင်ရယ်
ဘယ်သူမှ မကြည်.ချင်နေပါစေ
ငါ့ဇာတ်နဲ.ငါ ပြိုချင်ပြို ပျက်ချင်ပျက်
ဒီဇာတ်က အသဲမကွဲဘူး
ဒီဇာတ်က နှောင်းကြိုးသီချင်းမဆိုဘူး
ဒီဇာတ်က မိတ်ကပ်မလိမ်းဘူး
ဒီဇာက်က အတုတွေမ၀တ်ဘူး
ဒီဇာတ်က တစ်ခါတစ်ခါ ကြမ်းတယ်
ဒီဇာတ်က တစ်ခါတစ်ရံ လွမ်းတယ်
ဒါပေမယ်.
ဇာတ်သိမ်းပိုင်းကို ကဖို.
ချစ်ခြင်း၊မေတ္တာနဲ. သစ္စာတရားတွေ
ခုထိ ဇာတ်ညွှန်းရေးနေရတုန်းပဲ။

နေရာလေးတစ်ခု

ဒီနေရာလေးမှာ
ဝိဥာဉ်တစ်ခု ကွန်.မြူးခဲ့ဖူးတယ်။
နှလုံးသွေးတွေ တောက်ပခဲ့ဖူးတယ်။
မြစ်တစ်စင်း စီးဆင်းခဲ့ဖူးတယ်။
အိပ်မက်တစ်ခု မွေးဖွားခဲ.ဖူးတယ်။
ဘ၀တစ်ခု အစပြုခဲ.ဖူးတယ်။

ဒီနေရာလေးမှာသတိတရစာတွေ သူမအတွက်ရေးခဲ.ဖူးတယ်။

ဒီနေရာလေးမှာ
အိပ်မရတဲ. ညတွေရှိတယ်။
ဖတ်လို.မရတဲ. အက္ခရာတွေရှိတယ်။
မမြင်နိုင်တဲ့ အမှန်တရားတွေရှိတယ်။
မကြားနိုင်တဲ. စကားတစ်ခွန်းရှိတယ်။

ဒီနေရာလေးမှာ"မြေကြီး" ဆန်တဲ. ငါ့ရင်ဘက်က အပြိုင်းအရိုင်း စိမ်းလန်းလို.တတ်ကြွ။

ဒီနေရာလေးမှာ
ငါက
ဒီနေရာလေးမှာ
သူမကု
ဒီနေရာလေးမှာ
ဒီနေရာလေးကို ချစ်တယ်။

ကျနော်၏ လောကဓံ

လောကဓံရေ
အဖန်ဖန်တလဲလဲနဲ.
သံသရာကို ဆွဲဆန်.မယ်.သူကိုတွေ.ရပြီ။
ဘယ်လိုလုပ်ရပါ့
ရင်ဘက်ဆီကို အရှိန်းပြင်းပြင်းထိုးစိုက်
နှုက်မရတဲ. ဆူးဆိုတာ သူမပဲလားမသိဘူး
ဘ၀တစ်ခုလုံး ရဲရဲနီစေဦးတော့
ငါကျေနပ်ပါတယ်။
မဟုတ်မက ဇာတ်တွေကရတာလည်းမောလှပြီ။
သွားသတိ လာသတိ စားသတိ အိပ်သတိ
သတိသတိတွေကြားမှာပဲ အခါခါဟပ်ထိုးကျ (သူမထံ)
လေမှာရစ်ဝဲနေတာလဲ သစ်ရွက်လေးတွေမဟုတ်တော့ဘူး
အိပ်မက်တစ္ဆေခြောက်လွန်းလို. မျက်လုံးဖွင့်ပြီးအိပ်ရ။
(....မနက်ဖြန်တွေက
ရောက်မလာသေးခင်
ခြောက်သွေ.နှင့်ကြပြီး
မကမ်းလှမ်းရသေးတဲ. ချစ်သူက
ရင်ကိုဟက်တတ်ခွဲဖို. ကြံစည်ဦးမယ်။... စန်းဦး ( မိုးရာသီဆက်တင်) ...)

Sunday, September 28, 2008

နက်သမီးလေး...သို.

ခုတော့လည်းကွယ်
စံပယ်တွေတောင် သင်းမြမြဝေသီလို.
အာရုဏ်ဦးအရောက်လာမယ်. အလင်းအတွက်
မင်းဖန်ဆင်းခဲ.လေသလား
နက်သမီးလေးရယ်။

မနက်ခင်းဆို
ငှက်တစ်သင်းက တေးဆိုလို.
နေခြည်ဖြာ မြေတလင်းကို
မင်းဖန်ဆင်းလေသလား
နက်သမီးလေးရယ်။


မွန်းတည်.တဖန်
ရောက်လှည်.ပြန်သော်
အရှိန်ပူပြင်း ရှင်နေမင်းကို
ကာကွယ်အေးမိုး ပညောင်ရိပ်မျိုး
မင်းဖန်ဆင်းပေးလေသလား
နက်သမီးလေးရယ်။

ညနေခင်းတွင်
လေးညှင်းဆင်ပြီး ဆည်ဆာရောင်သမ်း
မြေနီလမ်းမှာ တိမ်ပန်းပျိုဆင်း
ရနံ.သင်းမြ လောကအလှကို
မင်းဖန်ဆင်းလေသလား
နက်သမီးလေးရယ်။

မှက်ချက်။ ။ နက်သမီးလေး = ဠင်းတမလေး
မြေနီလမ်းမှာ တိမ်ပန်းပျို(ပြိုမဟုတ်ပါ)ဆင်း

လွမ်းချင်း

မနေ.က ၀ါကျတစ်ကြောင်းကို ထပ်ကာထပ်ကာ ရေးမိတယ်။ ကောင်းကင်က အိပ်မက်တစ်ဆုပ် ဖွဲကနဲကျလာ။ မျက်လုံးပိတ်ပြီးကြည်.လိုက်တယ်။ ငါ.အတွက်ပဲ။ မည်သူမှ သက်မှက်တာမဟုတ်ပေမယ့် ကိုယ်.ကိုကိုယ် ပိုင်ဆိုင်လိုက်တယ်။ ရင်ဝမှာ လေပြေတစ်ချက် ဖြက်တိုက်သွားတယ်။

ဖြစ်နိုင်ရင် ဟိုဘက်နည်းနည်းတိုးပေးပါ။ အလွမ်းဧရိယာ ချဲ.ကားချင်လို.မဟုတ်ဘူး။ သူမကို သတိရနေရတာကို ဒီလောက်နဲ. အားမရလို.။

ငါက ဟန်ဆောင်ပန်ဆောင် အလိမ်အညာ အရွက်အခက်တွေနဲ. ကိုယ်.ကိုကိုယ် ကွယ်ထားတဲ. သစ်တစ်ပင်ပေါ့။ အဲဒီအရွက်တွေ ကြွေလွင်.သွားတဲ.အချိန် မင်း ငါ့ကို လာကြည်.ပါ။

ငါက ဘာမှရေးချယ်မထားရသေးတဲ့ ကင်းဗက်(စ်)တစ်ရွက်ပေါ့။ မင်းကြိုက်တဲ့ ခေါင်းစဉ်နဲ. ငါ.ကိုအရောင်ချယ်သွားနိုင်တယ်။

အရှေ.၊အနောက်၊တောင်၊မြောက်၊၀ဲ၊ယာ မင်းရှိတယ်။
စမ်းချာင်းလေးတစ်စင်း မင်းစီးဆင်းတယ်။
ပန်းလေးတစ်ပွင့် မင်းရနံ.သင်းတယ်။
တောအုပ်တစ်ခု မင်းစိမ်းလန်းတယ်။
ကြယ်လေးတစ်ပွင့် မင်းလင်းလက်တယ်။
လိပ်ပြာလေးတစ်ကောင် မင်းပျံသန်းတယ်။
ငါ့ စိတ်နှလုံးရဲ. ဦးညွတ်ရာ မင်းရှိတယ်။

တစ်နေ.ပေါ့။

အဲဒီတစ်နေ.ရောက်ရင်....ငါတို.ရဲံ. ရင်ဘက်ထဲက နှလုံးသားကို ရိုးသားပြလိုက်ရအောင်။

သတိတရစာ

တစ်နေ.တစ်ကြိမ်လောက်ပဲ သတိရနေပါ။
ရင်ခုန်သံချင်း ထပ်တူကျဖို. မမျှော်လင်.ရဲပါဘူး
အိပ်မက်ထဲကိုပဲ အရောက်လာခဲ.ပါ
နေ.သင်.နာမ်သင်. မဟုတ်တဲ. ငါက
ကိုးန၀င်းကျကြ မင်းကိုလွမ်းနေခဲ.တာ
အခုဆို လက်တွေတောင် ချိုးစရာမရှိတော.ဘူး။
ကောင်ကင်ကို မော.ကြည်.မိတိုင်း
တစ်စုံတစ်ရာကို လိုက်ရှာမိတယ်....
မင်းကိုအရမ်း သတိရတယ်လို.
ထပ်ကာထပ်ကာ မပြောချင်တော.ပါဘူး။
ကိုင်း......
"ဠင်းတမလေ:" ရေ
ငါ.ကို
တစ်နေ.တစ်ခါတော. သတိရပေးပါ။

***************

ဖြစ်နိုင်မယ်ဆိုရင်
မနေ.ကလိုပဲ သတိရခွင်.ပြုပါ
တခုတ်တရ စိတ်ကူးတွေက
မင်းဆီကိုပဲ ရောက်ရောက်သွားတတ်လို.။
တစ်နေ. တစ်နေ.
ဒီလိုပဲ ဖြက်သန်းနေရတာ
ဘယ်သူမှ သိမှာမဟုတ်ဘူး။

"ဠင်းတမလေး" ရေ
မနက်မိုး "လင်း" တိုင်း "တ" နေရတာ
ရင်ဘက်မှာ အက္ခရာတွေလည်း ထပ်နေပါပြီ။

***************

ပန်းလေးတစ်ပွင့်သို.

အဲဒီနေ.ကပေါ့
နှင်းဆီရိုင်း တစ်ပွင်.လို
သူမက ငွားငွားစွင့်လှပနေတယ်
မူးယစ်ဝေရီ ရနံ့တွေလည်း သင်းပျံ.ထုံမွှန်းလို.။

အဲဒီနေ.ကပေါ့
ကောင်ကင်က ကြယ်တစ်ပွင့်လို
သူမက လင်းလက်တောက်ပြောင်နေတယ်
ပြိုးပြိုးပြက်ပြက်နဲ. တိမ်ခိုးတွေတောင် လက်လို.။

အဲဒီနေ.ကပေါ့
အချစ်ကဗျာ တစ်ပုဒ်လို
သူမက သိမ်မွေ.နူးညံ့လှပနေတယ်
စူးရှထက်မြက် နှလုံးသွေးတွေ ပွက်လို.။

အဲဒီနေ.ကပေါ့
တိမ်ပန်းတွေ သီချင်းနဲ.အတူ ကကြိုးဆင်တယ်။

အဲဒီနေ.ကပေါ့
လေညှင်းတွေ စံပယ်တစ်ခင်းနဲ.အတူ
မွှေးပျံ.ကြူတယ်။

အဲဒီနေ.ကပေါ့
ဆီးနှင်းတွေ မနက်ခင်းနဲ.အတူ လင်းမြဝေတယ်။

အဲဒီနေ.ကပေါ့
..။

အဲဒီနေ.ကပေါ့
ကျွန်တော် ဒီကဗျာကိုရေးတယ်။

Tuesday, August 19, 2008

အပိုင်းအစ (၁)

ကဗျာလေးတစ်ပုဒ်ရေးထားတယ်....
သူမအတွက်။
စကားလုံးတွေမပါဘူး
ကာရန်နဘေတွေ မရှိဘူး
ပို.စ်မော်ဒန် မဟုတ်ဘူး
ရှေးရိုးစွဲလည်း မဆန်ဘူး
အလိုရမ္မက်နှောင်ဖွဲ.မှုတွေ ကင်းတယ်
ဖြူစင်သန်.ရှင်းတယ်လို. မဆိုချင်ပေမယ်.
ရိုးရှင်းပြီးပေါ.ပါးတဲ. လွတ်လပ်ခြင်းတွေ ရှိနေလိမ်.မယ်။
ကဗျာလေးတစ်ပုဒ်ပါပ။ဲ
"ဠင်းတမလေး" အတွက်ပေါ.
ကဗျာလေးတစ်ပုဒ် ရေးထားတယ်....
နှလုံးသားကို ထွင်းပြီးတော.
"ဠင်းတမလေး" ရေ.....
ငါ.ရင်ဘက်ကို ဖွင်.ပြီးတော. ၀င်ဖတ်သွားနိုင်တယ်
အပျင်းပြေပဲ ဖြစ်ဖြစ်ပေါ.
ကဗျာလေးတစ်ပုဒ်ရေးထားတယ်။
အရမ်းလွမ်းတယ် "ဠင်းတမလေး" ရယ်။မင်းနဲ.ဝေးတဲ. တစ်နေရာကို တတ်နိုင်သလောက် ပြေးထွက်ကြည်.ခဲ.တာပဲ...ဒါပေမယ်. သတိရတမ်းတတဲ. စိတ်တွေကတော. အရင်လိုပါပဲ**************************************တစ်ခါတစ်ရံတော.လည်းကောင်းကင်ကြီးက သာယာပြီး အရာအားလုံးက တောက်ပနေသလိုပဲ..ဒီနေ.ကြယ်လေးတစ်စင်း လက်ကနဲ.မြင်လိုက်ရတိမ်တိုက်မဲမဲကြီးတွေလည်း လွင်.ထွက်သွားပြီအိပ်မက်သစ်တွေအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာမယ်.ငါ.ရဲ. "ဠင်းတမလေး" ရေမင်းဟာ ကမ္ဘာဦးတည်းက သက်မှက်ထားတဲ. ငါ.အတွက် ပန်းသီးတစ်လုံးဖြစ်လေမလား..........။***************************နေ.ဖြစ်စေ ညဖြစ်စေမိုးရွာသည်ဖြစ်စေ နေသာသည်ဖြစ်စေလေပြင်းထန်သည်ဖြစ်စေ လေပြေအေးသည်ဖြစ်စေမ၀ံ.မရဲ မျှော်လင်.ချက်တစ်ခုရှိတယ်အရောင်ခက်လွင်.လွင်. စိတ်ကူးတစ်ချို.ရှိတယ်တိတ်ဆိက်ငြိမ်သက်နေတဲ. နှလုံးသားတစ်စုံရှိတယ်ထားလိုက်ပါတော.။အမှက်တရဆိုလို. ဘာမှမရှိခဲ.ဘူးပေမယ်.သတိရတဲ.အခါ မင်းနာမည်လေးကို ရွတ်ဆိုတတ်နေပြီဖြစ်ချင်ရာဖြစ်တတ်တဲ. လောကကြီးမှာဖြစ်ချင်တာလေးတစ်ခုအတွက်နောက်ဆုက်ပြေးနေတဲ. ငါဟာမှန်လား၊ မှားလားပြန်စဉ်းစားလိုက်ဦးမယ်။

ဂေါ်ဂေါ်နဲ. မိုမိုသို. .... တမ်းချင်း

သယ်ချင်း ဂေါ်ဂေါ်နဲ.မိုမိုရေ ဒို.သတိရချင်းများစွာဖြင်. စာရေးလိုက်ပါတယ်နော်။ နင်တို.ရောနေကောင်းကြရဲ.လားဟင်။ နေမကောင်းရင်လည်း ဆေးတောင်းသောက်ပေါ.။ ခစ် ခစ် ခစ်။နင်တို. ခုချိန်လောက်ဆို ပိုက်ဆံပျက်ပြီး ဆိုင်ကယ်ဆီကုန်နေမှာ ဒိုမြင်ယောင်သေးတယ်။အဲလိုဖြစ်ရင်လည်း ဟိုဒင်းထည်.မောင်းပေါ.ကွယ်။ ဆီတောင်းပြီး ထည်.မောင်းခိုင်းတာနော်... တညိုးထင်နဲ.။ဒိုလေ... နင်တို.ကိုအရမ်းသတိရမိတယ်သိလား...။ နင်တို.က သိမှာဟုတ်ပါဘူးလေ... ဒို.ကသာ ရန်ကုန်ရွှေမြို.တော်ကြီးမှာ တစ်ယောက်တည်း ကျန်ခဲ.ပြီး ယောင်လည်လည်ဖြစ်နေတာ။ နင်တို.ကတော. အပျော်ကြူးပြီး ဂေါ်တူးနေမှာ သိနေတယ်။ကဲတာကတော.ကဲပေါ.နော်။ ဒါပေမယ်. မပြဲစေနဲ.။ ဒူးကိုပြောတာ... ဆိုင်ကယ်စီးရင် တစ်ခုခုဖြစ်ရင် ဒူးကပြဲတတ်လို.။ဟဲ.ဟဲ. ... .နင်တို.ကိုလေ မြေနီကုန်း ကိုငြိမ်းရဲ. Country Shop ကလည်း လွမ်းတယ်.. ၄ရလမ်းက တီဗီဂိမ်းဆိုင်က ကိုကြီးကလည်း လွမ်းတယ် Essential က အန်တီမာမီးကလည်း လွမ်းတယ်... ရွှေတောင်တန်းလမ်းက Football Country ကလည်းလွမ်းတယ်။ ငါလည်းလွမ်းတာပါပဲဟယ်။ အရင်တုန်းက အတူစား၊ အတူသွား (ဘယ်နေရာတွေလဲမပြောပြဘူး) ၊ အတူကစားခဲ.တာတွေကို သိပ်သတိရတာပဲသိလား။ဟင်း.....ဟဲ. နင်တို.သိလား။ သိမှာဟုတ်ပါဘူး။ ငါလည်းသေသေချာချာမသိပါဘူး။ နင်တို.ဆီကို အရောက်လာခဲ.မယ်နော်။ ငါ.ကိုစောင်.နေ။ ငါလည်း ပင်ပန်းလိုက်တာဟယ်။အလုပ်တွေကလည်း များလိုက်တာ။ စိတ်ပင်ပန်း လူပင်ပန်း။ ကဲကဲ။ဒီမှာပဲရပ်လိုက်ပြီ ဒီစာကို ဖတ်ချင်ရင်ဖတ် မဖတ်ချင်ရင်နေ။ငါ.ကို မြင်းခြံကနေစောင်.နေ။နင်တို.အရမ်းချစ်တဲ. ကိုကိုဂျပိုး။မှက်ချက်။ ။ သတိရလွန်း၍မဟုတ်.... စိတ်အချင်ပေါက်ပြီး တစ်စုံတစ်ရာကို သတိရလွန်းလို. မင်းတို.ကို ထည်.ရေးလိုက်တာ။ ဆဲပေတော..........။

အပိုင်းအစများ

အပိုင်းအစများ........
.... လွမ်းလိုက်တာ "ဠင်းတမလေး" ရယ်။ ဒီနေ. အပြင်မှာမိုးတွေ တရွှဲရွှဲရွာသလို ရင်ဘက်ထဲမှာလဲ တဗြဲဗြဲ ငိုချင်နေတယ်။.... တစ်နေ.က လမင်းကြီးကို ထိုင်ငေးခဲဘူးတယ်။ ကြယ်တွေကို ခူးပြီး ထုတ်ထိုးလုပ်ကျွေးချင်လိုက်တာ။ အိပ်မက်တွေက ဇောက်ထိုးမိုးမျှော်။ ကပျက်ကချော် စိတ်ကူးတွေက တစ်မျိုး။ ဟိုရောက်ဒီရောက် တောင်ရောက် မြောက်ရောက် ။ ရောက်ချင်ရာရောက်။.... တစ်နေ.က သူမ ကိုစူးစူးနစ်နစ်သတိရတယ်။.... ဒီနေ.လည်း တစ်နေ.ကလိုပါပဲ။.... လွမ်းလိုက်တာ "ဠင်းတမလေး" ရယ်။
********************************************************
.... မျှော်လင်.ခြင်းတွေနဲ. ဝေးရာ
အိပ်မက်တွေရဲ. ဝေးရာ
ဟန်ဆောင်ခြင်းတွေ ကင်းမဲ.ရာ
ချစ်ခြင်းတရားတွေနဲ. ဝေးရာ
ငါ.... ပြေးထွက်လိုက်ချင်တော.တယ်
မရှိခြင်းတွေ ပြည်.စုံနေရင်တောင်
မသိခြင်း ဆိုတာက ရှိမှာမဟုတ်ဘူး
အင်း.......
မရှိခြင်းနဲ. မသိခြင်းကြား
ဘာမှ မရှိ၊ မသိတော.ဘူးဆိုရင်တောင်
..... "ဠင်းတမလေး" ရေ ငါအသက်တစ်ခါ ရှုလိုက်တိုင်း မင်းနာမည်လေးတစ်ခွန်း ခေါ်နေချင်တယ်။

Wednesday, July 30, 2008

ဖတ်ဖြစ်၍ ကြိုက်မိသော ကဗျာများ

" အပျင်းထူတမ်း "
အဆင်းဖြူဖြူ နှင်းမြူတွေကြား
ပြဒါးလင်းဂူ သွားပြီး
အပျင်းထူထူနဲ. ကစားချင်တယ်။
ဗိုက်ဆာမှ အမဲလိုက်
သူရဲတစ်သိုက်လို ဆူညံဆူညံ
လူသံသူသံနဲ. ကင်းဝေး
အပျင်းမွေးပြီး အိပ်နေမယ်။
တဏှာလောဘတွေနဲ.
ကမ္ဘာလောကကို ရွံ.မုန်း
ကိုယ်တုံးလုံးနဲ.နေချင်နေ
နေမသိ လမသိ
ညမရှိ နေ.မရှိ
အဲဒါမှ ဘ၀ပီတိ။
အဟံ ငါတကားတွေနဲ.
ဈာန်ပျံကာ ကြွားနေတဲ.
မာန်သတ္တ၀ါ သမားတွေကို
ဟားတိုက်လို. ရယ်မောပြီး
တခေါခေါ အိပ်ပစ်မယ်။

ကဗျာရှင်။ ။ မာန်စိုး
************************************************
" ဘုံခန်းသစ် "
Power လှိုင်းတွေနဲ. ရာစုသစ်
Dyanmic မိုင်းတွေနဲ. ကမ္ဘာကြီးမှာ
တစ်ပါတည်း ခြုံလွှမ်းစီးမျော
အစုန်လမ်းလော ယုံတမ်းလော။
Ready made တွေအသီးသီးFree size တွေ အဖုံဖုံ
အဟောင်းပုံတွေနဲ. ထုံးမွှမ်းရောနှော
ဂုဏ်အဆန်းလော ကုန်ကြမ်းလော။
Market တွေက အပြိုင်အဆိုင်
Idea တွေကလည်း အကုန်ဆန်း
ကမ္ဘာကြီးရဲ. ပုံပန်းသဘောဟာ
ဘုံအနှမ်းလော ဖုန်လမ်းလော။
Global ကြီးက ခလောက်ဆန်
Local တွေက အကြောက်အကန်နဲ.
ဥုံစခန်းလော ဘုံဆန်းလော။
ကဗျာရှင်။ ။ မောင်ခိုင်မာ

Sunday, July 27, 2008

အင်တာဗျူး အပိုင်း (၁)

တစ်နေ.၌ ကျနော်သည် လွန်စွာလှပတောက်ပြောင်သော ကျန်ုပ်၏ အမြီး လေးကို မြှောက်ကာ မြှောက်ကာဖြင်. လမ်းလျှောက်လာစဉ် ပျားအုံ စွဲကပ်လောက်အောင် ထူပြစ်နေသော မှုက်ဆိတ် ဗရပွ၊ နဖူးပြောင်ပြောင် လူတစ်ယောက်နှင်. ဆုံမိလေသည်။သေချာကြည်.လိုက်သောအခါ ထိုလူသည် (၁၈) ရာစုအစောပိုင်းကာလ ကမ္ဘာပေါ်တွင် လူတကာအံ.သြသွားစေသော တွေ.ရှိချက်တစ်ခုကို ဖော်ထုက်ခဲ.သူ ဒါဝင် ဟုလူသိများသော Charles Robert Darwin (1809-1882) ပင်ဖြစ်သည်။ လူဟာ မျောက်မှဆင်းသက်လာသည် ဟူသောတွေ.ရှိချက်ဖြစ်သည်။ သူကိုတွေလိုက်သော ကျနော်သည် ချက်ချင်းပင် ထောင်နေသော အမြီး လေးကို တွေ.ကရာမှာ ကွယ်ဝှက်ထားလိုက်သည်။ ထိုနောက်သူ.ကိုနှုက်ဆက်လိုက်သည်။
ကျန်ုပ်။ ။ ဒါဝင်ကြီး မတွေ.တာကြာပြီနေကောင်းရဲ.လား။

ဒါဝင် ။ ။ နေလို.တော.ကောင်းပါတယ်ကွာ။
နေလို.တော.ကောင်းပါတယ်ဆိုပြီး မျက်နာကြီးက မှုန်ကုပ်နေတယ်။ ဒါနဲ.ကျန်ုပ်လည်း ....
ကျန်ုပ်။ ။ နေကောင်းတယ်ဆို မျက်နာက မသာမယာနဲ.ပါလားဗျ၊ ဘာပြသနာတွေများရှိလို.လဲ

ဒါဝင်။ ။ ပြသနာဆိုလို. ခုတလော ပေါက်ကရမေးခွန်းလေးတွေ ဖြေနေရတယ်။

ကျန်ုပ်။ ။ ဘယ်လိုတွေလာမေးနေလို.လဲဗျ

ဒါဝင်။ ။ မင်းတို. မြန်မာပြည်က စာရေးဆရာပေါက်စတစ်ယောက်ပဲကွာ။ ငါက လူဟာမျောက်က ဆင်းသက်လာတယ်လို. ကြေငြာခဲ.တယ်လေ။ အဲဒါကို မောင်မင်းကြီးသားက မေးခွန်းပြန်ထုက်နေတယ်။ မျောက်ကရောဘယ်က ဆင်းသက်လာတာလဲ တဲ.။ မင်းခိုက်စိုးစံ ဆိုလား မင်းမိုက်စိုးစံ ဆိုလား မသိဘူး။ အဲဒီကောင်။

ကျန်ုပ်။ ။ သြော် ဖြစ်ရမယ်။ ဒါဆို ဒါဝင်ကြီး သူမေးတာကို ဖြေနိုင်ခဲ.ရဲ.လား။

ဒါဝင်။ ။ အဲဒီမေးခွန်းကို ဖြေဖို. စမ်းသပ်ချက်တွေ ပြန်လုပ်ရမှာပေါ.။ ငါစဉ်းစားမိတာ တစ်ခုတော့ရှိတယ်။ မင်းတို့ရဲ.မြတ်စွာဘုရာ။သခင် ဟောခဲ.သလို သံသရာ ဆိုတာလည်နေတော့ မျောက်ဟာလည်း လူကနေ ဆင်းသက်လာတာလည်း ဖြစ်နိုင်တာပဲ။

ကျန်ုပ်။ ။ အဲ.... ခင်ဗျားပြောမှ သတိရတယ်။ ကျနော်လည်း တစ်ခုလောက်မေးချင်တာနဲ. အတော်ပဲ။ .. ဒီလိုဗျာ ကျနော်.မှာ "ဠင်းတမလေး" တစ်ကောင်ရှိတယ်။ အဲဒါ သူလေးလဲ ဘယ်က ဆင်းသက်လာတာလဲ ဆိုတာ သိလို.ရမလား။
ဟင်း ....။ ဒါဝင်ကြီး သက်ပြင်းအရှည်ကြီး ချပြီး စဉ်းစားဟန်ပြုသည်။နောက်မှ

ဒါဝင်။ ။ ဒါကတော. မလွယ်ဘူးမောင်ရင်။ အင်း....။ ဒါပေမယ်. မောင်ရင်ရဲ. "ဠင်းတမလေး" ဟာ လိပ်တစ်ကောင်လို ကိုယ်.ဘက်ကိုယက်တတ်မယ် ၊ စာလေးတစ်ကောင်လို တကျွိကျွိဆူညံအော်ဟစ်နေမယ်၊ ကျီးတစ်ကောင်လို သံသယ တွေနဲ. ကြောက်လန်.နေတတ်မယ် ဆိုရင်ပေါ.ကွာ .... သူလည်း လူကနေဆင်းသက်လာတာဖြစ်မယ်။

ကျန်ုပ်။ ။ သြော်... ။ ကျနော်လည်း ထင်ပါတယ်။ နောက်တော. သူက ဖြူး တစ်ကောင်လို ကိုယ်.ကိုယ်ကို ကာကွယ်ဖို. ဆူးတွေ အသင်.ရှိနေတတ်တယ်ဗျ။

ဒါဝင်။ ။ အဲဒါလည်း ကောင်းတာပေါ.ကွာ ။ ဒါပေမယ်. အန္တရယ်ဆိုတာ ဆူးလက်နက်တွေနဲ.ကြီးပဲ ကာကွယ်လို.မရဘူး။ လူလူချင်း လေးစားချစ်ခင်မှုရယ် ၊ လိမ္မာပါးနပ်မှု စသည်ဖြင်.ပေါ.ကွာ အခြေနေကို ကြည်.ပြီး လုပ်တတ်တဲ. အရည်ချင်းလိုတယ်ကွ။ကိုင်း ငါလည်း ဒိုးတော.မယ်။ ငါ.ဘော်ဒါတွေ Country Tea Shop မှာ စောင်.နေကြပြီ။

ကျန်ုပ်။ ။ ဟုတ်ပါပြီဗျာ။ ကျေးဇူးပါပဲ... အခုလိုမေးခွန်းတွေဖြေပေးတာ။ ဒါနဲ. ဒါဝင်ကြီးကရော ဘယ်ကနေဆင်းသက်လာတာလဲ ဗျ။
ကျန်ုပ်၏ အထက်ပါမေးခွန်းအား ဒါဝင်ကြီး သည် မဖြေတော.ပဲ သူ၏ အမွှေးကျွတ်နေသာ အမြီးလေးကို ကုပ်၍ တရွေ.ရွေ. ကျောခိုင်းထွက်သွားလေသည်။ ကျန်ုပ်မှာကား ကျန်ုပ်၏ လူမဟုတ် မျောက်မဟုတ် "ဠင်းတမလေး" အကြောင်းကို စဉ်းစားရင် ကျန်ရစ်ခဲ.လေသည်။

ကဗျာလေးတွေ

ခေါင်းစဉ်မပေးတပ်လို. ပေးမထားပါ။
စိတ်ကူးတွေကို
တောင်ပံတပ်ပြီး ပျံသန်းကြည်.တယ်
ဒီ....ကောင်းကင်ကြီးထဲမှာပဲ အကြိမ်ကြိမ် ပြုက်ကျ
ရုန်းမထွက်နိုင်ဘူး
ဒီ....မြက်ခင်းပြင်ရဲ. ကြီးပြင်းခြင်းက
သစ်တောကြီးဖြစ်လာမှာလား ?
အိပ်မက်တွေလိုပဲ...... .......။
တစ်ယောက်ထဲ (တည်း) ညတွေကရှည်လျား
ကြယ်တွေကလည်း ကြွေ ကြွေနိုင်လွန်းတယ်။
ဒီနေ. အပြင်မှာမိုးမရွာဘူး
ဒါပေမယ်. ......
ရင်ဘက်ထဲမှာတော. ရွှဲရွှဲစိုနေတယ်။


************************************************************************************
အချစ်ဆိုတာ
ရင်ထဲအလိုလိုရောက်လာတဲ.
ဘာသာဗေဒမဲ.
ဝါကျပျက် စကားလုံးတွေပါ။ ( မျှော်လင်.ချက်တစ်ခု)
စစ်မကြေငြာပဲ
အချစ်က ဘ၀ရဲ.အလုံးစုံကို
သိမ်းပိုက်အနိုင်ယူခဲ.တာ
ကမ္ဘာပေါ်မှာရှိတဲ. လူသားအားလုံး
အဲဒါကို အရှုံးလို. မပြောကြတာ
ဘာကြောင်.လဲ ...... ?
ယုံကြည်ရဲဝံ.ရမယ်.
အနာဂါတ် တစ်ခုမှာလလည်း
သူ.လက်ကလေး ကိုင်လိုက်ရုံနဲ.
ပြီးပြည်.စုံသွားတယ်ဆိုတာ
အဲဒီအချစ်မပါပဲနဲ. မဖြစ်နိုင်ဘူး။
***********************************************************************

Thursday, July 24, 2008

ကျွန်တော်၏ ဠင်းတမလေး

.... ညတွေမှာ ကြယ်တွေကိုကြည်.ပြီး စိတ်ကွန်.မြူးဖူးတယ်။ လေညွှန်ရာကို စေနေတဲ.တိမ်တွေလိုပေါ.။.... လွတ်လပ်စွာပြန်သန်းချင်တယ်ဆိုတဲ. ငါရဲ. ဠင်းတ မလေးရေ..... မင်းရဲ.ကောင်းကင် ကျယ်ပြန်.ပါစေ။....ဘ၀မှာ အမဲစက်တွေများခဲ.တော. အဖြူရောင်လေးတစ်ခု.ကိုလှမ်းမြင်နေရတာတောင် အသိစိတ်က ထိတွေ.ဖို.ခွင်.မပြုဘူး။....အဖြူရောင်လေး စွန်းထင်းသွားမယ်ဆိုတဲ. အသိမှာတင် ကမ်းမယ်.လက်ကိုရုက်၊ပြောမယ်.စကားတွေပြောင်းခဲ.ရတာလဲ မနည်းတော.ဘူး။....တစ်ချိန်က ထင်ယောင်ထင်မှာ အချစ်တွေမှာ သတ္တိအပြည်.နဲ.ငါ....ရင်ခုန်သံစစ်စစ်ကိုတွေ.မှ ဘာဖြစ်လို. ကြောင်ရွံ.စိုးထိတ်သွားတာလဲ။ ဆွံ.အ မျိုသိပ်နိုင်ရတာလဲ။....အရာရာပြောင်းလဲနေတဲ. လောကကြီးမှာ မင်းအပေါ်မှာထားတဲ. ငါ.ရဲ.စိတ်လည်း ပြောင်းလဲသွားပါစေလို. မချင်.မရဲဆုတောင်းရင်း...... "ဠင်းတ" မလေးရေ.....မင်းဘ၀ပျော်ရွှင်ပါစေ။........ "ဠင်းတ" မလေးရေ သတိရလိုက်တာ။ ဝေးကွာနေတာမဟုတ်ပေမယ်. ဝေးကွာနေသလိုပါပဲ။ အရာရာတိုင်းကို မျော်လင်.ချက်ကြီးခဲတဲ. ငါဟာ "ဠင်းတ" မလေးကိုတော. မမျော်လင်.ရဲခဲ.ဘူး။ ငါ.ရဲ.ကြောင်တောင်တောင်ဘ၀ထဲကို ခေါ်မသွင်းရဲခဲ.ဘူး။ ဒီအတိုင်းလေးပဲကောင်းပါတယ်။ ပုံပြင်ထဲက နေ.စဉ် ရွှေဥ အုပေးနေတဲ. ငန်း တစ်ကောင်ရဲ.ပိုင်ရှင်လို စွန်.စားရဲတဲ. သတ္တိမရှိဘူး။ ငန်းမလေး တစ်နေ.တစ်နေ. အုပေးနေတဲ. ရွှေဥလေးတွေပါ မရနိုင်တော.မှာကြောက်မိတယ်။ ငါ.ရဲ. "ဠင်းတ" လေးက ရွှေဥတွေ မအုပေးနိုင်ပေမယ်. သူနဲ.တွေဆုံနေရတဲ. ငါ.အတွတ်တော. သဘာဝ လောကကြီးက ပေးတဲ. ရွှေအတိပြီးတဲ. လက်ဆောင်တစ်ခုပါပဲ။...."ဠင်းတ" မလေးရေ နေ.စဉ်နေ.တိုင်း ရွှေအတိပြီးတဲ. လက်ဆောင်တွေ ငါ.ကို ပေးနိုင်ပါစေ။.....
...."ဠင်းတ" မလေးရေ လွမ်းလိုက်တာ။ နီးစပ်နေတာမဟုတ်ပေမယ်. အနီးကပ်နေသလိုပါပဲ။ ငါ.ရဲ. တောင်တောင်အီအီ စိတ်အတွေးတွေက မင်းဆီမှာပဲ ရောက်ရောက်သွားတယ်။ မင်းက ငါ.အနားရှိမနေပေမယ်. ငါကတော. မင်းအနားရှိနေသလိုပါပဲ။....ကောင်ကင်ကိုမော.ကြည်.လိုက်တော. "ဠင်းတ" မလေးတစ်ကောင် ပျံသန်းနေတယ်။ ငါနဲ.ဝေးတဲ. တစ်နေရာဆီဖြစ်မှာပေါ.။ ဒါပေမယ်. မင်းမသိလို.ပါ "ဠင်းတ" မလေးရယ် မင်းလိုရာခရီးကို ပျံသန်းနိုင်အောင် စုန်ပြီးတော. တိုက်ခက်ပေးနေတဲ.လေထုဟာ ငါပဲပေါ.။....."ဠင်းတ" မလေးရေ မင်းလိုရာခရီးကို လေအစုန်မှာ မမောမပန်း ပျံသန်းနိုင်ပါစေ။....
....ဒီညအိပ်မက်လေး လှလိမ်.ဦးမည်။ "ဠင်းတ" မလေး... ငါ.ရဲ.အဝေးက ပျံနိုင်ပေမယ်. ငါ.အိပ်မက်ထဲကနေထွက်ပြေး ပျံသန်းလို.မရနိုင်ပါဘူး။.... ဒီည...သေသေချာချာကို အိပ်မက်ထဲထည်.မက်လိုက်ဦးမယ် "ဠင်းတ" မလေးရယ်.....
...."ဠင်းတမလေး" ရေလို. လူမသိသူမသိ စိတ်ထဲက တမ်းတမိတယ်။ ဘာလို.များ ငါ.ရဲ.အတွေးတွေထဲ ရောက်ရောက်လာရတာလဲ။ အသိစိတ်က မသိစိတ်ကို မလွန်ဆန်နိုင်ခဲ.ဘူးထင်တယ်။ ဘယ်လိုနည်းနဲ.မှ ငါ.ရဲ.ဘ၀ထဲမှာ ခိုနားမှာမဟုတ်ဘူးဆိုတာသိပေမယ်. ...သိနေပေမယ်. .... သိနေပေမယ်. ......
....ဟင်းးးးးးးးးးး................
.... "ဠင်းတမလေး" ကံကောင်းပါစေကွာ။.............