အပိုင်းအစများ........
.... လွမ်းလိုက်တာ "ဠင်းတမလေး"  ရယ်။        ဒီနေ. အပြင်မှာမိုးတွေ တရွှဲရွှဲရွာသလို ရင်ဘက်ထဲမှာလဲ တဗြဲဗြဲ ငိုချင်နေတယ်။.... တစ်နေ.က လမင်းကြီးကို ထိုင်ငေးခဲဘူးတယ်။ ကြယ်တွေကို ခူးပြီး ထုတ်ထိုးလုပ်ကျွေးချင်လိုက်တာ။ အိပ်မက်တွေက ဇောက်ထိုးမိုးမျှော်။ ကပျက်ကချော် စိတ်ကူးတွေက တစ်မျိုး။ ဟိုရောက်ဒီရောက် တောင်ရောက် မြောက်ရောက် ။ ရောက်ချင်ရာရောက်။.... တစ်နေ.က သူမ ကိုစူးစူးနစ်နစ်သတိရတယ်။.... ဒီနေ.လည်း တစ်နေ.ကလိုပါပဲ။.... လွမ်းလိုက်တာ "ဠင်းတမလေး" ရယ်။
********************************************************
.... မျှော်လင်.ခြင်းတွေနဲ. ဝေးရာ
      အိပ်မက်တွေရဲ. ဝေးရာ
      ဟန်ဆောင်ခြင်းတွေ ကင်းမဲ.ရာ
      ချစ်ခြင်းတရားတွေနဲ. ဝေးရာ
      ငါ.... ပြေးထွက်လိုက်ချင်တော.တယ်
      မရှိခြင်းတွေ ပြည်.စုံနေရင်တောင်
      မသိခြင်း ဆိုတာက ရှိမှာမဟုတ်ဘူး
      အင်း.......
      မရှိခြင်းနဲ. မသိခြင်းကြား
      ဘာမှ မရှိ၊ မသိတော.ဘူးဆိုရင်တောင်
..... "ဠင်းတမလေး" ရေ ငါအသက်တစ်ခါ ရှုလိုက်တိုင်း မင်းနာမည်လေးတစ်ခွန်း ခေါ်နေချင်တယ်။
Tuesday, August 19, 2008
အပိုင်းအစများ
Posted by Mg Japoe at 5:20 AM
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment