Monday, October 20, 2008

အိပ်မက်ည

အိပ်မက်သည်
ည ထံမှ တရွေ.ရွေ.ထွက်ခွာ
မြူနှင်းကြား ၀င်ရောက်သွားသည်။

ည သည် မထူးဆန်းစွာပင်
အိပ်မက်ကို စူးစိုက်ကြည်.နေလိုက်သည်
နောက်တော့ အထီးကျန်စွာပင် ရယ်မောလိုက်သည်။

ထိုသို.
အိပ်မက်သည် အကြိမ်ကြိမ် ည ထံလာရောက်ပြီး
အကြိမ်ကြိမ် ည ထံမှ ထွက်သွားလေ.ရှိသည်။

အိပ်မက်နဲ. ည သည် တစိမ်းတရံဆန်စွာ ရင်းနှီးပြီး
နှစ်ယောက်ကြား ဘာသာဗေဒလည်း ကင်းမဲ.သည်။

သူတို.၏ စကားလုံးသည် လေညင်းဖြစ်သည်။
ထို.ကြောင့် တိုးလျှညင်သာ နူးညံ.သည်။

သူတို.၏ အကြည်.သည် မျက်ဝန်းမဟုတ်
ဖြူစင်ရဲမွတ်နေသော နှလုံးသွေးများ ဆက်သွယ်မှုဖြစ်သည်။
ထိုအခါ အတ္တကင်းမဲ.သော အပြာရောင် ဥယျာဉ်တစ်ခုဖြစ်သွားသည်။

ညသည် ထိုဥယျာဉ်ကိုစောင့်သော မျောက်တစ်ကောင်ဖြစ်သည်။
အိပ်မက်သည် ထိုဥယျာဉ်မှာနားသော ဠင်းတမလေး တစ်ကောင်ဖြစ်သည်။

တစ်နေ.
တစ်နေ.ပေါ့

အခါခွင့်သင့်ရင် မျောက်တစ်ကောင်သည်
ည၏အလင်းလက်ဆုံးသော ကြယ်တစ်စင်းအား ခူးပြီး
ဠင်းတမလေး၏ အိပ်မက်၌ ပန်ဆင်ပေးရန်
ပြင်းစွာသောဆန္ဒဖြင့်
စောင့်စားလျှက်ရှိသည်။

မျက်လုံးတွေ ပိတ်ပြီးကြည်.လိုက်တော့
ည က တိတ်တဆိတ် ထွက်ခွါသွား
ခေါင်းငိုက်စိုက်ချပြီး လျှောက်နေတဲ.ပုံများ
အသဲကွဲ.နေတဲ. မင်းသားတစ်ယောက်အလားမှက်ရ။
ကြယ်တွေငိုတဲ.သီချင်းမှာ
ခက်အက်အက်အသံ ကြားရလား
ဟိုအကြားဒီအကြားက လေတိုးခက်သံကိုက
မျက်ရည်တွေ တောက်တောက်ဆင်းစေရဲ.။
စံပယ်ဖြူတွေတောင် မပွင့်တော့ဘူး ..... မေ
စနစ်တကျလွဲချော်နေတဲ. ဘ၀မှာ
ဒီညက ဘယ်လိုလုပ်ပြီး မွှေးမြနိုင်ဥိးမလဲ။

ဖယောင်းတိုင်

ကိုယ်.ကိုကိုယ် မီးရှို.လို.
ကျွမ်းလောင်ရင်း တမြေ.မြေ.နဲ.
အနာဂတ်ဆီကို တရွေ.ရွေ.သွားနေရတာ
အလင်းတွေလည်း တောက်ပ စိုစွတ်လို.
အရင်းမြစ်က မဲပေမယ်. ( အနက်ရောင်)
ဘ၀တစ်လျှောက်လုံး ဆွတ်ဆွတ်ဖြူနေလာခဲ.တာ
ပတ်ဝန်းကျင်ကြောင့်
အရောင်းပြောင်းခဲ.ရတာတွေလည်း
ရှိတော့ရှိရဲ.
ဒါပေမယ်. အတွင်းကြိုးလေးကတော့
ဖြူမြဲ ဖြူဆဲပါလေ။

ပျင်းတယ်

တစ်နေ.ပြီးတစ်နေ.
ဆွေးမြေ.ဟောင်းနွမ်းတဲ. အတ္တတွေပိုက်ပြီး
ဒီလမ်းဟောင်းတွေပဲ လျှောက်နေရတာ
ပျင်းတယ်။
ဟိုအပြုံး ဒီအပြုံး
ဟန်ဆောင်နေတဲ. အချစ် အမုန်းတွေကြားမှာ
နှစ်လုံးသားတစ်ခုကို စတေးရမှာ
ပျင်းတယ်။
ပေါ့ပျက်ပျက်စကားလုံးတွေနဲ.
နာမည်ထူးထူးဆန်းဆန်းတွေ သုံးပြီး
စက္ကူတွေဖြုန်းတီးနေတဲ. ချစ်ကွဲညားဝထ္ထုတွေ ဖတ်ရမှာ
ပျင်းတယ်။
ကြားနေကြ စားသားတွေနဲ.
အက်ကြောင်းထပ် သံစဉ်တွေရေးပြီး
မနူးမနပ်ပဲပြုတ် သီးချင်းတွေ နားထောင်ရမှာ
ပျင်းတယ်။
စကားများ၊ မုန်.ကြိုက်
အားတိုင်းဖုန်းဆက်ပါပြောတဲ.
လှတပတကောင်းမလေးတွေနဲ. ရည်းစားတော်ရမှာလည်း
ပျင်းတယ်။

ပျင်းတယ်.... ပျင်းတယ်။
စားရမှာ ပျင်းတယ်။
သွားရမှာ ပျင်းတယ်။
ကိုယ်ရုပ်ကိုယ် မှန်ထဲပြန်ကြည်.ရမှာတောင်
ပျင်းတယ်။

Wednesday, October 15, 2008

နိုးထခြင်း

အဲဒီနေ.ကပေါ့
နှင်းဆီရိုင်း တစ်ပွင်.လို
သူမက ငွားငွားစွင့်လှပနေတယ်
မူးယစ်ဝေရီ ရနံ့တွေလည်း သင်းပျံ.ထုံမွှန်းလို.။

အဲဒီနေ.ကပေါ့
ကောင်ကင်က ကြယ်တစ်ပွင့်လို
သူမက လင်းလက်တောက်ပြောင်နေတယ်
ပြိုးပြိုးပြက်ပြက်နဲ. တိမ်ခိုးတွေတောင် လက်လို.။

အဲဒီနေ.ကပေါ့
အချစ်ကဗျာ တစ်ပုဒ်လို
သူမက သိမ်မွေ.နူးညံ့လှပနေတယ်
စူးရှထက်မြက် နှလုံးသွေးတွေ ပွက်လို.။

အဲဒီနေ.ကပေါ့
တိမ်ပန်းတွေ သီချင်းနဲ.အတူ ကကြိုးဆင်တယ်။

အဲဒီနေ.ကပေါ့
လေညှင်းတွေ စံပယ်တစ်ခင်းနဲ.အတူမွှေးပျံ.ကြူတယ်။

အဲဒီနေ.ကပေါ့
ဆီးနှင်းတွေ မနက်ခင်းနဲ.အတူ လင်းမြဝေတယ်။

အဲဒီနေ.ကပေါ့..။
အဲဒီနေ.ကပေါ့ကျွန်တော် ဒီကဗျာကိုရေးတယ်။

ပြဇာက်

အိပ်မက်ရေ ကားလိပ်ဆွဲတော့လေ
လင်းမြမြကြယ်တွေတောင် အိပ်တန်းတတ်တော.မယ်
ငါရဲ.အစီအစဉ်မကျတဲ. “ဒီည” ဇာတ်မှာ
ယိမ်းနွဲ.ညွတ်မူးဖို. နှင်းတွေလည်းဝေနေပြီ
မီးမထွန်းနဲ. လအလင်းနဲ.ရတယ်။
တူရိယာမတီးပါနဲ. လေးညင်းရဲ.သီချင်းနဲ.ကမယ်။
အသံတိတ်ဇာတ်ပေါ့
ဘယ်သူမှ မကြားချင်နေပါစေ
ငါ့ဇာတ်နဲ.ငါ ငိုချင်ငို ရယ်ချင်ရယ်
ဘယ်သူမှ မကြည်.ချင်နေပါစေ
ငါ့ဇာတ်နဲ.ငါ ပြိုချင်ပြို ပျက်ချင်ပျက်
ဒီဇာတ်က အသဲမကွဲဘူး
ဒီဇာတ်က နှောင်းကြိုးသီချင်းမဆိုဘူး
ဒီဇာတ်က မိတ်ကပ်မလိမ်းဘူး
ဒီဇာက်က အတုတွေမ၀တ်ဘူး
ဒီဇာတ်က တစ်ခါတစ်ခါ ကြမ်းတယ်
ဒီဇာတ်က တစ်ခါတစ်ရံ လွမ်းတယ်
ဒါပေမယ်.
ဇာတ်သိမ်းပိုင်းကို ကဖို.
ချစ်ခြင်း၊မေတ္တာနဲ. သစ္စာတရားတွေ
ခုထိ ဇာတ်ညွှန်းရေးနေရတုန်းပဲ။

နေရာလေးတစ်ခု

ဒီနေရာလေးမှာ
ဝိဥာဉ်တစ်ခု ကွန်.မြူးခဲ့ဖူးတယ်။
နှလုံးသွေးတွေ တောက်ပခဲ့ဖူးတယ်။
မြစ်တစ်စင်း စီးဆင်းခဲ့ဖူးတယ်။
အိပ်မက်တစ်ခု မွေးဖွားခဲ.ဖူးတယ်။
ဘ၀တစ်ခု အစပြုခဲ.ဖူးတယ်။

ဒီနေရာလေးမှာသတိတရစာတွေ သူမအတွက်ရေးခဲ.ဖူးတယ်။

ဒီနေရာလေးမှာ
အိပ်မရတဲ. ညတွေရှိတယ်။
ဖတ်လို.မရတဲ. အက္ခရာတွေရှိတယ်။
မမြင်နိုင်တဲ့ အမှန်တရားတွေရှိတယ်။
မကြားနိုင်တဲ. စကားတစ်ခွန်းရှိတယ်။

ဒီနေရာလေးမှာ"မြေကြီး" ဆန်တဲ. ငါ့ရင်ဘက်က အပြိုင်းအရိုင်း စိမ်းလန်းလို.တတ်ကြွ။

ဒီနေရာလေးမှာ
ငါက
ဒီနေရာလေးမှာ
သူမကု
ဒီနေရာလေးမှာ
ဒီနေရာလေးကို ချစ်တယ်။

ကျနော်၏ လောကဓံ

လောကဓံရေ
အဖန်ဖန်တလဲလဲနဲ.
သံသရာကို ဆွဲဆန်.မယ်.သူကိုတွေ.ရပြီ။
ဘယ်လိုလုပ်ရပါ့
ရင်ဘက်ဆီကို အရှိန်းပြင်းပြင်းထိုးစိုက်
နှုက်မရတဲ. ဆူးဆိုတာ သူမပဲလားမသိဘူး
ဘ၀တစ်ခုလုံး ရဲရဲနီစေဦးတော့
ငါကျေနပ်ပါတယ်။
မဟုတ်မက ဇာတ်တွေကရတာလည်းမောလှပြီ။
သွားသတိ လာသတိ စားသတိ အိပ်သတိ
သတိသတိတွေကြားမှာပဲ အခါခါဟပ်ထိုးကျ (သူမထံ)
လေမှာရစ်ဝဲနေတာလဲ သစ်ရွက်လေးတွေမဟုတ်တော့ဘူး
အိပ်မက်တစ္ဆေခြောက်လွန်းလို. မျက်လုံးဖွင့်ပြီးအိပ်ရ။
(....မနက်ဖြန်တွေက
ရောက်မလာသေးခင်
ခြောက်သွေ.နှင့်ကြပြီး
မကမ်းလှမ်းရသေးတဲ. ချစ်သူက
ရင်ကိုဟက်တတ်ခွဲဖို. ကြံစည်ဦးမယ်။... စန်းဦး ( မိုးရာသီဆက်တင်) ...)