Monday, October 20, 2008

အိပ်မက်ည

အိပ်မက်သည်
ည ထံမှ တရွေ.ရွေ.ထွက်ခွာ
မြူနှင်းကြား ၀င်ရောက်သွားသည်။

ည သည် မထူးဆန်းစွာပင်
အိပ်မက်ကို စူးစိုက်ကြည်.နေလိုက်သည်
နောက်တော့ အထီးကျန်စွာပင် ရယ်မောလိုက်သည်။

ထိုသို.
အိပ်မက်သည် အကြိမ်ကြိမ် ည ထံလာရောက်ပြီး
အကြိမ်ကြိမ် ည ထံမှ ထွက်သွားလေ.ရှိသည်။

အိပ်မက်နဲ. ည သည် တစိမ်းတရံဆန်စွာ ရင်းနှီးပြီး
နှစ်ယောက်ကြား ဘာသာဗေဒလည်း ကင်းမဲ.သည်။

သူတို.၏ စကားလုံးသည် လေညင်းဖြစ်သည်။
ထို.ကြောင့် တိုးလျှညင်သာ နူးညံ.သည်။

သူတို.၏ အကြည်.သည် မျက်ဝန်းမဟုတ်
ဖြူစင်ရဲမွတ်နေသော နှလုံးသွေးများ ဆက်သွယ်မှုဖြစ်သည်။
ထိုအခါ အတ္တကင်းမဲ.သော အပြာရောင် ဥယျာဉ်တစ်ခုဖြစ်သွားသည်။

ညသည် ထိုဥယျာဉ်ကိုစောင့်သော မျောက်တစ်ကောင်ဖြစ်သည်။
အိပ်မက်သည် ထိုဥယျာဉ်မှာနားသော ဠင်းတမလေး တစ်ကောင်ဖြစ်သည်။

တစ်နေ.
တစ်နေ.ပေါ့

အခါခွင့်သင့်ရင် မျောက်တစ်ကောင်သည်
ည၏အလင်းလက်ဆုံးသော ကြယ်တစ်စင်းအား ခူးပြီး
ဠင်းတမလေး၏ အိပ်မက်၌ ပန်ဆင်ပေးရန်
ပြင်းစွာသောဆန္ဒဖြင့်
စောင့်စားလျှက်ရှိသည်။

0 comments: