Friday, May 22, 2009

အချစ်

တိတ်

ဆိတ်
ဝေ။


ဖိတ်
ဖိတ်
ဝေ။

ဆောင်း

ခင်
နှင်း။

Friday, May 15, 2009

သတိရခြင်း ပစ်စာ

ကျွန်တော် သူမကို သတိရသည်။ထို.ကြောင့် ဤစာကို ရေးမိခြင်းဖြစ်သည်။ဤစာကိုရေးဖြစ်ဖြစ် မဖြစ်ဖြစ် သူမကို သတိရသည်ကတော့ အမှန်ပင်ဖြစ်သည်။သူမကို သတိရသောကြောင့် ရေးထားသော ဤစာတွင် သူမအကြောင်းများဖြင့်သာ ပြည်.နှက်နေမည်မှာ ယုံမှားဖွယ်မရှိ။စာရှုသူ သောက်မြင်ကပ်လောက်အောင် အကြောင်းရာများ ထပ်နေမည်မှာလည်း အသေအချာပင်။

ကျွန်တော် သူမကို သတိရသည်။တကယ်တော့ သူများတွေလို "လွမ်းတယ်" ဟူ၍ ကဗျာဆန်ဆန် ရေးချင်သော်လည်း "လွမ်းတယ်" ဆိုတာ ဘာကိုဆိုလိုမှန်းမသိ၍ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူ ထိထိရောက်ရောက်ဖြစ်အောင် "သတိရသည်" ဟူ၍သာ သုံးလိုက်ရပေသည်။

ကျွန်တော်သူမကို သတိရသည်။ဒါကို သူမ သိချင်သိပေလိမ့်မည်။သိချင်မှလည်း သိလိမ့်မည်။သူမ သိသိ၊ မသိသိ ကိစ္စမရှိ။ကိစ္စရှိတာက ကျွန်တော် သူမကို သတိရနေခြင်းသာဖြစ်သည်။တကယ်လည်း သတိရပါသည်။အဟုတ် သတိရပါသည်။

ကျွန်တော် သူမကို သတိရသည်။ညအခါ ကြယ်လေးတွေကို ကြည်.ရင်း သူမကိုသတိရသည်။သူမသည် ကောင်းကင်၌ လင်းလက်ဖြူစင်နေသော ကြယ်လေးတစ်ပွင့်ဖြစ်၍ ကျွန်တော်သည် ကြယ်လေးကို ငေးမော မျှော်လင့်နေသော အညတြကောင်လေး တစ်ယောက်သာဖြစ်သည်။

ကျွန်တော် သူမကို သတိရသည်။ကျွန်တော့ဘေးနားက ညလေညင်း ဖြက်တိုက်သွားတဲ.အခါ သူမကို သတိရသည်။သူမသည် ကျွန်တော် ဖမ်းဆုပ်မရနိုင်သော လေညင်းအေးအေးလေး ဖြစ်သည်။ကျွန်တော်၏ ညများစွာအတွက် ထိုလေးညင်းလေးကို ငတ်မွတ်စွာ တောင့်တမိပါသည်။

ကျွန်တော် သူမကို သတိရပါသည်။ည အိပ်ရာဝင်ခါနီးတိုင်း သူမအကြောင်းကို သတိရစွာ စဉ်းစားမိသည်။သူမသည် အခါများစွာ ကျွန်တော်၏ အိပ်မက်များထဲကို ၀င်ရောက်လာတတ်သော နက်သမီးလေး တစ်ပါးဖြစ်သည်။အကယ်၍ အိပ်မက်ကိုသာ စိတ်တိုင်းကျ ရွေးချယ်မက်ခွင့်ရမည်ဆိုလျှင် သူမကို ညစဉ်ညတိုင်း ကျွန်တော့၏ အိပ်မက်များ၌ ထည်.သွင်းမက်မည်မှာ မလွဲပေ။

ကျွန်တော် သူမကို သတိရသည်။မနက်ခင်း စက္ကုနှစ်ကွင်းပွင့်ကတည်းက အာရုဏ်ဦးအလင်းတန်းများနဲ. ကျွန်တော်၏ စိတ်ထဲ ဦးစွာဝင်ရောက်လာသည်မှာ သူမသာဖြစ်သည်။ကျွန်တော် ရှုရှိုက်လိုက်တဲ. သန်.ရှင်းလက်ဆက်သော မနက်ခင်းလေပြေသည် သူမဖြစ်သည်။ အလင်းငှက်၏ တေးသံသည် သူမဖြစ်သည်။ဖူးပွင့်စ စံပယ်ရုံမှ သင်းပျံ.လာသော မွှေးမြမြရနံ.သည် သူမဖြစ်သည်။

ကျွန်တော် သူမကို သတိရပါသည်။ကော်ဖီသောက်ရင်း၊ ဘက်စ်ကားစီးရင်း၊ လမ်းလျှောက်ရင်း၊ ထိုင်နေရင်း၊ လမ်းလျှောက်ရင်း၊ ....ရင်း ၊ ...ရင်း..... သတိရပါသည်။

ကျွန်တော် သူမကို သတိရသည်။တစ်ခါတစ်ရံ တကူတက သတိရလိုက်၍ များသောအားဖြင့် အလိုလိုနေရင်း သတိရနေတတ်သည်။

ကျွန်တော် သူမကို သတိရပါသည်။အခုလည်း သတိရနေသည်။ သင်ဒီစာပိုဒ်ငယ်အား ဖတ်ရှုနေသောအချိန်တွင်လည်း သတိရနေမည်မှာ အမှန်ပင်ဖြစ်သည်။

Wednesday, April 22, 2009

မောင်ဂျပိုးရဲ. သက်ြန်

ဒီတန်ခူး၊ ပုရစ်ဖူးရယ်တဲ.ခိုင်ရွှေဝါ
ပန်းတောတ်ဝါ၀ါ၊ စကားဝါနံ.သင်း
ငုဝါကတလှိုင်လှိုင်၊ ပင်လုံးဝေကြိုင်
မောင့်ရင်မှာရွယ်စူး၊ မယ်.ဦးကို
ရွှေရေတစ်ခွက်ကယ်ဖြင့် ဖြန်းပက်မယ် ..... ဦး (အဦးဆုံး)။

စိတ်ကအကြံ၊ ဘ၀င်ထိပ်မှာအမှန်ဆူလို.
သူရိယမြေမဆင်းခင်၊ ငွေရုဏ်လွှာဝေလီဝေလင်းတည်းက
မယ်လာမည်မျှော်ကာမှန်း၊ ရွှင်တပန်း ၀မ်းတစ်စုံနဲ.
တဒိတ်ဒိတ်ခုန် ရင်ဘက်ကိုသယ်ကာပိုးလို.
မယ်.အိမ်ရှေ. ရောက်ခဲ.ရပြန်။

ရောက်ပြန်သော်ကား ၊ ရောက်ပြန်ငြားလည်း
မယ်ရှိ၊မရှိ မောင်တကယ်မသိမို.
မယ်သိစေကြောင်း ၊ တံခါးကိုထောင်းကာ
လျှောက်ပြန်သံပေး၊ မောင့်ရင်မအေးပြီ
မယ်.ရိပ်သော်မျှ၊ မတွေ.သောကြောင့်တည်း။

တစ်ချက်နှစ်ချက်၊ တဗျပ်ဗျပ်နဲ.
တရွေ.ရွေ. ရွေ.လျား၊ နာရီများလည်း
ရပ်ထားမရ၊ တမွမွနဲ.ကုန်ခဲ.ပြီ။

ရွှေစိတ်မှာနွမ်း၊ အိပ်မက်ပါခန်းတော့မည်ထင့်
ထိုင်မလို ထမလို ၊ မျောက်အုန်းသီးရသလို
တကြွကြွနဲ.မျှော်၊ တသသနဲ.အော်ခေါ်လိုက်ချင်
မယ်ရေ... လာပါတော့လို.
ဒီရင်မှာဗျောစည်တီး ၊ နက်သံနှောလို.မျောတော့မည်။

ထိုခဏ၌ ၊ ထိုခဏ၌၀ယ်
လင်းထိန်ဝါ၀င်း ရွှေအဆင်းနဲ.၊ နက်ယောင်ဖန်ဆင်း
စိုပြည်ကြည်ရွှင်း ၊ ယောင်မယ်အချင်းဖြင့်
မွှေးရနံ.သင်းထုံ ၊ ကောင်းကင်ဘုံမှ
သက်ြန်ပန်းလေး ပွင့်လာလေသည်။ (အိမ်ရှေ.သို. မယ်ထွက်လာသည်။)

သက်ြန်ပန်းလေး ပွင့်လေပြီ ( မယ်ထွက်လာလေပြီ)
မောင့်ရင်ဘက်အစုံ ၊ လှိုက်လှိုက်ကာခုန်လွန်းလို.
ကြောက်ဒူးတွေတုန်ပါပေါ့၊ မညာဘူးကွဲ.ယုံ
အလှထူးတဲ.မယ်.အာရုံမှာ ၊ ဘ၀ကူးမဲ.ပုံ။

မောင့်မှာတကယ်အခက်၊ သောက်စရာရယ် အရက်ကယ်မရှိ
ကြောက်ပါတယ်ဆိုပြီး ၊ နောက်မှာကွယ်နေလို.လဲမရ
ဒီတန်ခူးမှာမထူးရရင် ၊ ဘယ်တန်ခူးမှာမှ ထူးမရတော့မှာမို.
ချစ်စိတ်ကိုရဲဆေးတင် ၊ သကြားမင်းတားတောင် မရတော့ပ
ကျားမင်းလိုသတ္တိကယ်တင်း ၊ မယ်.ရဲ.အပါးကိုကပ်ခါ လောင်းလိုက်မယ်....
.........
..............

မေတ္တာရေစင် ၊ သန်.စင်ဖြူမွတ်
သစ္စာပြုလျှက် ၊ ကျနိုပ်စိတ်ထား
မှန်ပါငြားက ၊ မယ်.တစ်သက်တာ
သာယာစေကြောင်း ၊ အေးစေပေါင်းလျှက်
ဆန္ဒလိုအင် ၊ ပြည်.စုံပါစေ
ကျန်းမာ ချမ်းသာ ၊ ကိုယ်စိတ်နှစ်ဖြာနဲ.
မယ် တစ်ယောက် ၊ သက်တော်ရာကျော်ရှည်စေသောဝ်။

မယ် = ဠင်းတမလေး

Tuesday, February 3, 2009

အချစ် .... ဖြစ်သည်

လေညင်းသင်းသင်းလေးသည် အချစ်ဖြစ်သည်။

ရော်ရွက်ဝါများ၏ ပျံ.လွင့်မှုသည် အချစ်ဖြစ်သည်။

ပန်းဝတ်မှုံ၏ ရနံ.မွှေးမွှေးသည် အချစ်ဖြစ်သည်။

ငှက်ငယ်များ၏ တေးသံသည် အချစ်ဖြစ်သည်။

စမ်းချောင်းငယ်၏ ညင်သာစီးဆင်းမှုသည် အချစ်ဖြစ်သည်။

ပင်လယ်၏ နက်ရှိုင်းကျယ်ပြောမှုသည် အချစ်ဖြစ်သည်။

မြစ်တစ်စင်း၏ ကွေ.ကောက်စီးဆင်းခြင်းသည် အချစ်ဖြစ်သည်။

တောင်တန်းများ၏ အနိမ်.အမြင့် သွယ်တန်းမှုသည် အချစ်ဖြစ်သည်။

ည၏ ဆိတ်ငြိမ်ခြင်းသည် အချစ်ဖြစ်သည်။

လမင်း၏ ဖြူဝင်းသောအလင်းရောင်သည် အချစ်ဖြစ်သည်။

ကြယ်အစင်းစင်း၏ လင်းဖန်.ဖန်.ပြိုးပြက်မှုသည် အချစ်ဖြစ်သည်။

ကမ္ဘာကြီးသည် အချစ်ဖြစ်သည်။

သဘာဝတရားသည် အချစ်ဖြစ်သည်။

စိတ်ကူးများ၏ ဆန်.ထွက်မှုသည် အချစ်ဖြစ်သည်။

မျက်လုံးတစ်လုံး၏ ရီဝေေ၀အလှသည် အချစ်ဖြစ်သည်။

နားတစ်စုံ ငံ့လင့်နေသောအကြောင်းရာသည် အချစ်ဖြစ်သည်။

နှလုံးသွေး၏ ဦးတည်ရာအရပ်သည် အချစ်ဖြစ်သည်။

စကားလုံးများ၏ ရိုးသားမှုသည် အချစ်ဖြစ်သည်။

အမှန်တရား၏ နီးစပ်ရာဒေသသည် အချစ်ဖြစ်သည်။

အနားသက်မျဉ်းများ၏ ကင်းလွတ်ရာသည် အချစ်ဖြစ်သည်။

အကန်.သက်မရှိ ရှင်သန်ခြင်းတရားသည် အချစ်ဖြစ်သည်။

ကမ္ဘာဦးလူသား ၊ ပန်းသီးတစ်လုံး

ဗျတ်စောင်းတစ်လက် ၊ တေးသွားတစ်ပုဒ်

ပန်းချီကားတစ်ချပ် ၊ စကားတစ်လုံး

ကဗျာတစ်ပုဒ် ၊ စာတစ်ကြောင်း

မျက်ဝန်းတစ်စုံ ၊ နှလုံးသားတစ်ခု

..............

........

အချစ်ဖြစ်သည်။

ကျွန်တော်သည် အချစ်ဖြစ်သည်။

သူမသည် အချစ်ဖြစ်သည်။

သင်သည် အချစ်ဖြစ်သည်။

အချစ်သည် အချစ်ဖြစ်သည်။

Thursday, January 8, 2009

ရွှေသိရိခေတ် ၏ ထူးခြားတဲ. အနုပညာ



သူမကို သတိထားမိတာတော့ လ အတော်ကြာပြီဖြစ်သည်။ ထူးခြားတဲ. ရေးဟန် ၊ ဆန်းသစ်တဲ. ပုံစံ ၊ မတူညီသော အရောင်များကို အစပ်ဟပ်တဲ.စွာ အသုံးပြုပြီး တိမ်းညွတ်ဖွယ် စိတ်ကူအတွေးမှ ပေါ်ထွက်လာတဲ. သူမရဲ. လက်ရာ ပုံကားချပ်များဟာ တစ်မျိုးတစ်မည် စိတ်ဝင်စားဖွယ်ကောင်းသလို ခံစားမှုတစ်ခုခုကိုပေးခဲ.နိုင်တာချည်းဖြစ်သည်။

ရွှေသိရိခေတ် မည်သော ထိုမိန်းကလေးသည် မြန်မာနိုင်ငံ၏မြိုတော် ရန်ကုန်မြို.၌မွေးဖွားခဲ.ပြီး 2007 ခုနှစ်ထိ ရန်ကုန်မြို.တွင်နေထိုင်ခဲ.သည်။

သူမသည် အနုပညာဗီဇပါသူပီပီ ငယ်စဉ်ကလေးဘ၀ ခဲတံတစ်ချောင်း ကိုင်တွယ်နိုင်သော အရွယ်ကစပြီး သူမလက်လှမ်းမှီရာ ရေးဆွဲနိုင်သောနေရာများ၌ ရုပ်ပုံလေးများ၊ ပုံကြမ်းလေးများကို ရေးဆွဲခဲ.သည်။

သူမ၏ ပျော်ရွှင်ခြင်းများသည် ဆွဲအားကောင်းကောင်းဖြင့် သူမအား ညှို.ငင်ဖမ်းစားနိုင်သော ပုံဆွဲစက္ကူများ ၊ ကင်းဗတ်စ်များ နှင့် ရောင်စုံခဲတံလေးများဖြစ်သည်။

အထက်တန်းကျောင်းသူဘ၀တွင်လည်း သူမ၏ ဖန်တီးနိုင်မှု စွမ်းအားများကို သူမ၀ါသနာပါရာ ရေဆေး၊ ဆီဆေး ကားချပ်များ ရေးဆွဲခြင်း စသော အနုပညာအလုပ်များ၌သာ အချိန်ပေး၍ အာရုံစူးစိုက်လုပ်ဆောင်ခဲ.သည်။ကောလိပ်ကျောင်းသူဘ၀တွင်တော့ သူမသည် Adobe Photoshop စသော Computer အသုံးပြု Tools များ ၊ Multimedia Production များကို အသုံးပြုပြီး ပုံရိပ်များကို ဖန်တီးစပြုလေသည်။

သူမရဲ.ဖန်တီးမှုတစ်ချို.ပါ.


သူမဟာ အခုဆိုရင် အဂ်လန်နိုင်ငံရဲ. ……. မှာနေထိုင်ရင်း သူချစ်တဲ့ ပုံရိပ်များကို အသက်သွင်း ဖန်ဆင်းရင်း ၊ တစ်ဖတ်ကလည်း အသက်မွေးဝမ်းကျောင်းအဖြစ် Design ၊ Web Design လုပ်ငန်းများကို ပျော်ရွှင်စွာလုပ်ကိုင်လျှက်ရှိသည်။ ကျွန်တော်တို.မြန်မာ အမျိုးသမီးတွေထဲမှာ ရှားပါးလှသော ၊ ထွက်ပေါ်ခဲသော ပန်းချီး(ဒီဇိုင်း) အနုပညာရှင်တစ်ယောက် ၊ နိုင်ငံတကာ အတိုင်းတာတစ်ခုထိအောင်မြင်နေသာ ရွှေသိရိခေတ် အတွက် ဂုဏ်ယူဝမ်းမြောက်ခြင်းများစွာဖြင့်.

နောက်ထပ်ပြီးတော့လည်း အသစ်အသစ်သော အနုပန်းချီ ၊ ဆန်းပြားသော ပုံရိပ်များကိုလည်း ဖန်တီးနိုင်ပါစေလို. ဆန္ဒပြုရင်း……

------

ဒါကတော့ သူမရဲ. ဖန်တီးမှုလေးတွေကို အင်တာနက်ပေါ်မှာ ဖော်ပြထားတဲ. သူမရဲ. Website Link လေးတွေဖြစ်ပါတယ်။

http://www.shwethirikhit.com

http://www.myspace.com/shwethirikhit


Tuesday, December 9, 2008

အလိုအပ်ဆုံး




အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
"ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။

ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"
သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"
လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.....
"အိမ်ထောင်မှု၊ ဘုရားတည်
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင်
နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့ ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။
အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့ လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ...

PS: တကယ်တော့ ဒီ စာလေးကိုဖတ်ပြီး တွေးစရာလေး ပေါ်လာလို. ဒီ Post လေးကို တင်လိုက်တာပါ။
ကျွန်တော်တို. ဘ၀တွေမှာ ရွေးချယ်စရာတွေ၊ ရွေးချယ်ခွင့်တွေ ဘယ်လောက် ရရှိခဲ.ကြဖူးလဲ။

ကျွန်တော်တို. ရွေးချယ်လိုက်တဲ.အရာတွေကရော ကျွန်တော်တို.ရှင်သန်သမျှကာလပတ်လုံး ကျွန်တော်တို.နဲ.အတူ ထားဝစဉ်တည်ရှိနေနိုင်ပါ့မလား။

*အပေါ်ကစာပိုဒ်မှာပါတဲ. ကျောင်းသူရဲ.ရွေးချယ်မှုဟာ မှန်သလား ၊ မှားသလားဆိုတာထက်။ တကယ်လို.များ သူ.ရွေးချယ်မှုဟာ အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးခဲ.ရရင်။

ကျွန်တော်တို. ဘ၀တွေမှာ ရွေးချယ်နိုင်ခွင့် အရမ်းနည်းတယ်လို.ထင်တယ်။ ရွေးချယ်တတ်တဲ. အရည်ချင်းထက် ဖြစ်လာတဲ.အခြေနေအပေါ်မှာ သုံးသပ်ခံစားပြီး ဖြေရှင်းနိုင်တဲ. အရည်ချင်းက ပိုအရေးကြီးမယ်ထင်ပါတယ်။



Friday, December 5, 2008

ခေါင်းစဉ် တပ်ပေးပါ

မနက်ဖြန်ဆိုတာ
အမှောင်တိပြီးတဲ. နေ.ညတွေဖြစ်စေဦး
အိပ်မက်တွေ ဆက်မက်နေဦးမှာပဲ
ခပ်ရိုင်းရိုင်း ပွင့်ခဲ.တဲ.ပန်းမလို.
မွှေးရနံ.မသင်းပေမယ်. အဆင်းကစင်ကြယ်ပါတယ်လေ။

တစ်ယောက်လက်ကို တစ်ယောက်က
တစ်ယောက်အိပ်မက်ကို တစ်ယောက်က
မဆုပ်ကိုင်နိုင်ခင်
ကြယ်မလင်းတဲ. ညတွေ
ရှိနေဦးမှာပဲ။

တစ်စုံတစ်ယောက်က
ဘ၀ဆိုတာ ဘာလဲလို.မေးလာခဲ.ရင်
အနာဂတ်ဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
ကြည်နူးခြင်းဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
ရူးသွပ်ခြင်းဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
အချစ်ဆိုတာ ဘာလဲလို. မေးလာခဲ.ရင်
ငါကတော့ “ဠင်းတမလေး” လို.
တစ်ခွန်းပဲဖြေမယ်။