သူမကို သတိထားမိတာတော့  လ အတော်ကြာပြီဖြစ်သည်။ ထူးခြားတဲ.  ရေးဟန် ၊ ဆန်းသစ်တဲ. ပုံစံ  ၊ မတူညီသော အရောင်များကို  အစပ်ဟပ်တဲ.စွာ အသုံးပြုပြီး  တိမ်းညွတ်ဖွယ် စိတ်ကူအတွေးမှ  ပေါ်ထွက်လာတဲ. သူမရဲ. လက်ရာ  ပုံကားချပ်များဟာ တစ်မျိုးတစ်မည်  စိတ်ဝင်စားဖွယ်ကောင်းသလို  ခံစားမှုတစ်ခုခုကိုပေးခဲ.နိုင်တာ
ရွှေသိရိခေတ် မည်သော ထိုမိန်းကလေးသည် မြန်မာနိုင်ငံ၏မြိုတော် ရန်ကုန်မြို.၌မွေးဖွားခဲ.ပြီး 2007 ခုနှစ်ထိ ရန်ကုန်မြို.တွင်နေထိုင်ခဲ.သည်။
သူမသည် အနုပညာဗီဇပါသူပီပီ ငယ်စဉ်ကလေးဘ၀ ခဲတံတစ်ချောင်း ကိုင်တွယ်နိုင်သော အရွယ်ကစပြီး သူမလက်လှမ်းမှီရာ ရေးဆွဲနိုင်သောနေရာများ၌ ရုပ်ပုံလေးများ၊ ပုံကြမ်းလေးများကို ရေးဆွဲခဲ.သည်။
သူမ၏ ပျော်ရွှင်ခြင်းများသည်  ဆွဲအားကောင်းကောင်းဖြင့်  သူမအား ညှို.ငင်ဖမ်းစားနိုင်သော  ပုံဆွဲစက္ကူများ ၊ ကင်းဗတ်စ်များ  နှင့် ရောင်စုံခဲတံလေးများဖြစ်သည်။
အထက်တန်းကျောင်းသူဘ၀တွင်လည်း   သူမ၏ ဖန်တီးနိုင်မှု စွမ်းအားများကို  သူမ၀ါသနာပါရာ ရေဆေး၊ ဆီဆေး  ကားချပ်များ ရေးဆွဲခြင်း  စသော အနုပညာအလုပ်များ၌သာ  အချိန်ပေး၍ အာရုံစူးစိုက်လုပ်ဆောင်ခဲ.သည်။ေ

သူမဟာ အခုဆိုရင်  အဂ်လန်နိုင်ငံရဲ. ……. မှာနေထိုင်ရင်း  သူချစ်တဲ့ ပုံရိပ်များကို  အသက်သွင်း ဖန်ဆင်းရင်း ၊ တစ်ဖတ်ကလည်း  အသက်မွေးဝမ်းကျောင်းအဖြစ်  Design ၊ Web Design လုပ်ငန်းများကို  ပျော်ရွှင်စွာလုပ်ကိုင်လျှက်ရှိ
နောက်ထပ်ပြီးတော့လည်း  အသစ်အသစ်သော အနုပန်းချီ ၊  ဆန်းပြားသော ပုံရိပ်များကိုလည်း  ဖန်တီးနိုင်ပါစေလို. ဆန္ဒပြုရင်း……။
------
ဒါကတော့ သူမရဲ.  ဖန်တီးမှုလေးတွေကို အင်တာနက်ပေါ်မှာ  ဖော်ပြထားတဲ. သူမရဲ. Website Link လေးတွေဖြစ်ပါတယ်။
http://www.myspace.com/


0 comments:
Post a Comment